မိုးဖွဲကျချိန်
ရှေးတစ်ချိန်က
ငါတို့ဘဝ
ပြန်သတိရခဲ့
ငါတို့နှစ်ယောက်
ထီးတစ်ချောင်းအောက်
အတူလျောက်ခဲ့
နေပူမိုးရွာ
မဆိုသာလည်း
ချစ်သူ့နံဘေး
ထီးမိုးပေးခဲ့
နောက်ဆုံးဝမ်းနည်း
လမ်းခွဲတဲ့နေ
ငါမမေ့ခဲ့
မိုးလည်းဖျောက်ဖျောက်
ထီးလည်းပျောက်ခဲ့
မိုးရေစက်လက်
မျက်ရည်စက်နဲ့
မိုးထဲရေထဲ
ငါတစ်ကိုယ်တည်း
သည်းထန်တဲ့မိုး
ကျေးဇူးပါဗျိုး.....
ကျွန်တော်ငိုနေမှန်း ဘယ်သူမှ မသိအောင် သည်းထန်စွာရွာပေးတဲ့မိုးကို အရမ်းကျေးဇူးတင်ပါတယ်ဗျာ......။
No comments:
Post a Comment
လာရောက်အားပေးမှုကို ကိုသစ္စာမှာ ကျေးဇူးတင်ရှိပါသည်။