ရှေးတစ်ချိန်က
သူတို့ဘ၀ အလွန်လှခဲ့
အိမ်ပိုင်ယာပိုင် လယ်လည်းပိုင်ခဲ့
ရွှေငွေတွဲလွဲ မဆင်းရဲဘူး
စိတ်ကိုယ်ပျော်ရွှင် ချစ်ချစ်ခင်ဖြင့်
မိသားစုလေး အလှူပေးခဲ့
သမိုင်းအသိ သက်သေရှိသည်။
ယခုသော်ကား
ပြော၍မယုံ ကြုံဖူးမှသိ
အမြှောက်ဒဏ်နှင့် သေနတ်သံကြောင့်
ချက်ချင်းဆင်းရဲ လူလည်းမွဲလို့
အိမ်ကိုလည်းပစ် ထားရစ်ခဲ့ပြီ
သားမယားပျောက် တအားကြောက်လို့
ဘေးလွတ်ကင်းရာ ထွက်ပြေးပါလည်း
နေစရာမှာ ဘူမိကဗ္ဗလာ
အမိုးအခင်း လုံးဝကင်း၍
ဝမ်းစာမရှိ ဗလာနတ္တိ
ရောဂါထူပြော ခြင်ယင်ပေါသည်
မီးစာလည်းကုန် သေယုံသာတည်း...။
သစ္စာ
ReplyDeleteစကားရွေ့လှန်၊ မှားမေ့ကျန်၍
မမှန်ယိမ်းကျော်၊ တိမ်းပါးသော်လည်း၊
သူတော်တကာ၊ သည်းခံပါဟု၊
သံသာပျောင်းပျ၊ တောင်းပန်ခ၏။
မာနမောက်မို၊ ငါစာဆိုဟု၊
မလိုမလား၊ ပိုမလွှားတည့်။
စာဖတ်သူ့ပေါ် ခေါင်းကိုကျော်၍
ငါသော်ဆရာ မလုပ်ပါတည့်။
အရမ်းကောင်းတဲ့ စကားလုံးတွေ ပဲ