စေ့ပျိုးပင်စိုက်
ရေလောင်းလိုက်နှင့်
မြေဆွပေါင်းသင်
ချစ်ခင်ပေမယ့်
ဖွင့်ဖို့မကူး
ငါဥယျာဉ်မှူး...။
အပွင့်အဖူး
တစ်ပါးခူးခဲ့
ရင်ထဲမချိ
ခံစားသိလည်း
မျိုသိပ်ဘိသည်
ငါဟာဆရာ
ငါဘလော်ကာ......။
လောကဓံဝေ့
စွေ့အတက်မှာ
ရွက်ပြတ်ပိုးထိုး
ပန်းညွန့်ကျိုးမို့
တစ်ပါးသူနမ်း
ပွင်းပြီးပန်းလည်း
ရေလောင်းပေါင်းသင်
ပြုပြင်ချင်သည်
ပန်သူကောင်းဖို့တည်း..........။
No comments:
Post a Comment
လာရောက်အားပေးမှုကို ကိုသစ္စာမှာ ကျေးဇူးတင်ရှိပါသည်။