Wednesday, January 2, 2013

စစ်ပွဲတစ်ခုရဲ့အရှုံးအမြတ်နဲ့အဆုံးဖြတ်


စစ်ပွဲတစ်ခု တိုက်ပွဲတစ်ခု ဖြစ်လာပြီဆို၇င်တော့ အကျိုးအမြတ်ဆိုတာကဘာတစ်ခုမှ ရှိမှာမဟုတ်ဘူး.. အားလုံးက အရှုံးချည်းပါပဲ.. တိုက်ပွဲတစ်ခုဖြစ်ခဲ့ရင် သင့်ရဲ့လက်အောက်ငယ်သားတွေရဲ့အသက်တွေ ဆုံးရှုံးရလိမ့်မယ်.. ဒါမှမဟုတ် သင့်တိုင်းပြည်ရဲ့ တွေဆုံးရှုံးလိမ့်မယ်.. ဒါမှမဟုတ် သင့်ပေါ် အားကိုးနေတဲ့ သင့်အပေါ်မှီခိုနေတဲ့ သင့်နောက်လိုက်တွေရဲ့ သင့်အပေါ်ယုံကြည်စိတ်တွေဆုံးရှုံးလိမ့်မယ်. လူလည်းပင်ပန်းလိမ့်မယ်.. အားလုံးဟာ ဘာတစ်ခုမှအမြတ်မရှိ အရှုံးချည်းပါပဲ..
ဟုတ်ပါပီ.. စစ်ပွဲတစ်ခု တိုက်ပွဲတစ်ခုဖြစ်လာတာနဲ့အမျှ စစ်ပွဲအခြေအနေပေါ်ကိုမူတည်ပြီးတော့ အနည်းနဲ့အများ လူအသေအပျောက်နဲ့ ဒဏ်ရာရတာတွေ ဒုက္ခိတ ဖြစ်တာတွေတော့ရှိမှာပါ .. ခေါင်းအုံးရိုက်တမ်းဆော့တာမှမဟုတ်တာပဲ ဟုတ်ပါပီ တကယ်လို့ သင်က ရန်သူ ၁၀ယောက်ကိုသတ်လိုက်လို့ သင့်အတွက် ဘာများအကျိုးရသွားလိမ့်မှာလဲဗျာ.. ဒါပေမဲ့ သင့်ကြောင့်သေသွားတဲ့ သူတစ်ယောက်ရဲ့ မိသားစုတွေ မှာတော့ အဖိုးမဖြတ်နိုင်တဲ့ဆုံးရှုံးမှုတစ်ခုဖြစ်သွားပီပဲ..သင့်ကြောင့်သေသွားတဲ့သူတွေရဲ့ မိန်းမတွေက မုဆိုးမဖြစ်သွားပီးတော့ သားသမီးတွေကတော့ အဖ မဲ့ သားသမီးတွေဖြစ်ကုန်လိမ့်မယ်။လူတစ်ယောက်သေတိုင်း သူ့မိသားစု အပေါင်းအသင်း မိတ်ဆွေတွေက သင့်ကို မေတ္တာပို့နေကြလိမ့်မယ်.. အနည်းဆုံးတော့ သင့်အနေနဲ့သူ့ကိုသတ်ဖို့အတွက် ကျည်ဆံတစ်တောင့် ဆုံးရှုံးသွားပါပြီ။
ဟုတ်ပါပြီ.. ဒီတိုက်ပွဲမှာသင့်တပ်က ရန်သူတစ်ထောင်ကို သတ်လိုက်နိုင်တယ်ဆိုပေမဲ့လည်း သင့်တပ်ရင်းမှာလည်း အနည်းနဲ့အများတော့ အထိအခိုက်အကျအရှုံးဆိုတာရှိမှာပါပဲ.. တကယ်လို့ သင့်ရဲ့ ဘက်က တပ်သား ၁၀ဦးသာကျဆုံးတော့ သင့်အနေနဲ့ အပေါင်းအသင်းတွေနဲ့ ငယ်သားတွေ ဆုံးရှုံးသွားတာပါပဲ.. တကယ်လို့ မတော်တဆ သင်သာ ခြေပြတ်လက်ပြတ်နဲ့ ဒုက္ခိတဖြစ်ခဲ့မယ်ဆိုရင်ကော.. သင့်မိသားစုတွေရဲ့ ၀မ်းနည်းပူဆွေးမှုတွေကို တစ်ချက်လောက် ပြန်ငဲ့ကြည့်လိုက်စမ်းပါဗျာ.. သင့် နှလုံးသားနဲ့ကော သူတို့ရဲ့ ၀မ်းနည်းမှု ပူဆွေးမှုတွေကို ခံစားနိုင်ရဲ့လားဗျာ..ဟုတ်ပါပြီ ဒိါုရင်တော့ သင့်ကြောင့်သေသွားရတဲ့သူတွေ ခြေပြတ်လက်ပြတ် ဒုက္ခိတ ဖြစ်သွားရတဲ့သူတွေအတွက် ကိုယ်ချင်းစာပြီးတော့ တစ်ခေါက်လောက်တော့ စဉ်းစားပေးနိုင်ပါလိမ့်မယ်လို့ထင်ပါတယ်..
တကယ်ဆို၇င် ခင်ဗျားတို့အချင်းချင်း တိုက်ကြခိုက်ကြ သတ်ကြဖြတ်ကြတဲ့နေရာမှာ အပြစ်မဲ့တဲ့ပြည်သူပေါင်းများစွာဟာ အိုးပစ် အိမ်ပစ်နဲ့ ဒုက္ခသည်တွေဖြစ်ကုန်ကြရတယ်.. အရမ်းအေးတဲ့ ဆောင်းရာသီမှာ သူတို့ဟာ အေးအေးလူလူမနေကြရတော့ဘူး.. စားစရာဆိုလည်း မရှိ ဖျားနာရင် ကုစရာဆိုတာကလည်းနတ္ထိ ဖြစ်နေပီ.. နေဖို့ဆိုတာကတော့ ပြောမနေပါနဲ့ အရမ်းချမ်းလာရင် ၀တ်စရာလည်းမရှိဘူး မနေနိုင်လို့ဆိုပြီးတော့ မီးပုံတောင် မပုံရဲတဲ့ဘ၀. တကယ်လို့ချက်စားဖို့ တစ်ခုခုသာရှိတယ်ဆိုရင်တောင်မှ မီးမထည့် မချက်ရဲတဲ့ဘ၀ တွေဖြစ်နေရရှာတယ်... တကယ်လို့သင်တို့သာ ဒါတွေအားလုံးကို ခံစားတတ်မယ် သိရှိမယ် စာနာတတ်မယ် သနားတတ်မယ်ဆိရင်တော့ အခုချက်ချင်း အပစ်အခတ်တွေရပ်ပြီးတော့ ငြိမ်းချမ်းရေးကို ချက်ချင်းကမ်းလှမ်းလိုက်ကြစမ်းပါ။ အခြားတစ်ဖက်က စငြိမ်းချမ်းရေးလုပ်တော့မှ သင့်ဘက်က အလံဖြူထောင်မယ်ဆိုတဲ့စိတ်ကိုဖျောက်ပြီးတော့ သင့်ဘက်ကအရင် စပြီးတော့ အလံဖြူထောင်လိုက်စမ်းပါ.. ဒါဆိုရင်တော့ သင်ဟာ ဒီစစ်ပွဲကို ငြိမ်ချမ်းဖို့တွက်အဓိကလုပ်ဆောင်တဲ့ သူရဲကောင်းတစ်ယောက်ဖြစ်သွားလိမ့်မယ်။ ဒါ့အပြင် သင်ဟာ တိုင်းရင်းသားခေါင်းဆောင်ကေငာ်းတစ်ယောက် စစ်ပွဲတွေကို ရပ်တန့်ပစ်နိုင်ခဲ့တဲ့ နိုင်ငံခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာပါလိမ့်မယ်.. ဒါဟာ သင့်အတွက် နောက်ကျန်ခဲ့မယ် သမိုင်းကောင်းတခုပါပဲ.. နောက်ထပ်လည်း ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေက သင့်အကြောင်းကို ဆောင်းပါးတစ်ခုအနေနဲ့ စာလုံးကြီးကြီးတွေနဲ့ ချီးကျူးဂုဏ်ပြုကြလိမ့်မယ်.. ဒါကြောင့် သင်တို့ဟာ တိုင်းပြည်နဲ့ လူမျိုးအတွက်သာမက သင့်ကိုယ်တိုင်အတွက်ပါ ဒီငြိမ်းချမ်းမှုကို ဖြစ်စေပါ.. သင်တို့အနေနဲ့ တစ်ခြားသူတွေကို သတ်ရင် ကုန်ကျမယ့်ကျည်ဆန်ဖိုးတွေ စစ်စရိတ်တွေကို သူတို့အတွက် အစားအသောက်တွေ အ၀တ်အထည်တွေ ဆေးဝါးတွေ နေထိုင်စရာတွေအတွက် လှူဒါန်းလိုက်ပါ. ပေးဝေလိုက်ပါ. ဒါဆိုရင် သင်ဟာ သူတို့တစ်မျိုးသားလုံးသာမက တစ်နိုင်ငံလုံး အတွက် အားကိုးရာဖြစ်လာပါလိမ့်မယ်... ဒါတွေလုပ်သင် မရှုံးသွးပါဘူး. သင့်မှာ သင်ကိုယ်တိုင်သော်လည်ကောင်း သင့်လက်အောက်ငယ်သားတွေသော်လည်ကောင်း ဆုံးရှုံးရမယ့် အသက်တွေက အသားင်အမြတ်တစ်ခုအနေနဲ့ ကျန်နေပါသေးတယ်.. ဒီလောက်ဆိုရင် သင်ဟာ အခုကစပြီးတော့ ငြိမ်းချမ်းရေး စမလုပ်သေးတာလဲဗျာ.. ဒါဆို၇င် သင်ကပဲ ဦးဆောင်ပြီးတော့ ငြိမ်းချမ်းရေးကို စတည်ဆောက်ကြရအောင်လားဗျာ..
(မှတ်ချက်။ ။ ကျွန်တော်သည် စစ်အစိုးရကို ထောက်ခံသူမဟုတ်သလို KIA ကိုအားပေးသူလည်းမဟုတ်ပါ။ ကျွန်တော်ဟာ စစ်ပွဲတွေကြောင့် အတိဒုက္ခရောက်သူတွေကိုစာနာပြီးတော့ ငြိမ်းချမ်းရေးကို ထောက်ခံသူတစ်ယောက်သာဖြစ်ပါသည်။ ကျွန်တော်သည် နိုင်ငံရေးသမားတစ်ယောက်လည်းမဟုတ်ပါခင်ဗျာ ကျွန်တော့်အတွေးအမြင်ကို မျှဝေခြင်းသာဖြစ်ပါသည်)
လာရောက်လည်ပတ်မှုကို ကိုသစ္စာမှ အထူးကျေးဇူးတင်ရှိပါသည်။