Wednesday, July 29, 2015

Still Draft

စိတ်ထောင်းလို့ကိုယ်ကျေ
မသေတာပင်ကျေးဇူးတင်
ကိုယ်စိတ်ရယ်မရွှင်
စိတ်အစဉ်က သူ့ဆီမှာပဲ
မှောင်ရိပ်ဝယ် မောင်တစ်ကိုယ်တည်း
သည်မောင်ငယ်မျက်တော်ဝန်းမှာ....
မျက်ရည်ကရွှဲ..

Tuesday, June 2, 2015

ရင်ထဲငိုတဲ့တစ်နေ့

တိမ်တွေမပြို
နေမညိုပေမယ့်
ကျုပ်ရင်ထဲမှာ ငိုနေပြီလေ....

တိမ်ပြိုတာလူသိ
နေညိုတာ လူကြည့်ပေမယ့်
ကျုပ်ရင်ထဲငိုနေတာ ဘယ်သူမှမသိပါပဲလေ...။

Monday, June 1, 2015

ပုဂံအလှ

အဆန်းအသစ်တွေနဲ့
တစ်ခန်းလှစ်ခဲ့တဲ့
အနုအယွ အလှအပတွေကြောင့်
ထင်ပေါ်ကာကျော်ကြား မော်မကြွားပါဘူး....



ရေညှိတစ်စက် ထုံးတစ်ဝက်အပြင်
သမိုင်းပြန်ကြည့် တို့မှတ်မိတဲ့
ရှေးဟောင်းမူထား ရှေးဘုရားတွေရယ်လို့
ထွန်းထောက်ပလွှား ၀င့်ကြွားသည်သာ.........။

Monday, July 14, 2014

ဆုတောင်း

ငါတို့မြေကြီး
ရွှေတွေသီးလို့
သာယာပါစေ
မြန်မာပြည်...။

လူအချင်းချင်း
လှည့်ပတ်ကင်းလို့
ငြိမ်းချမ်းပါစေ
မြန်မာပြည်...။

တို့သွေးချင်းများ
မေတ္တာထားလို့
ချစ်ခင်ပါစေ
မြန်မာပြည်...။

ဘာသာတရား
လက်ကိုင်ထားလို့
သင့်မြတ်ပါစေ
မြန်မာပြည်...။

အတိတ် Vs ပစ္စုပ္ပန်

အရိပ်လေ အလား
အတိတ်ေ၀၀ါးပေမယ့်
ရှေးယခင် အတိတ်များ ဆီက
သခင်စိတ်ရယ် နဲ့ ဒို့ ဗမာ ....

ကျွန်ဖြစ်ရင်း လမ်းပျောက်
ထီးစည်ပေါက် ပေမယ့်
စိတ်ဝမ်းမကွဲ တွဲလက်မြဲလို့
လက်တွဲ လျောက်ခဲ့တာ ဒို့ ဗမာ ...

ကျွန်သဘောက်များ ရယ်လို့
အော်ငေါက်ကာ ထိုးကြိတ်
ဖိနှိပ် ရိုင်းပြ နှိပ်စက် ကြပေမယ့်
တွဲလက် မဖြုတ် ခဲ့တာ  ဒို့ ဗမာ ....

ခု ကာလများ ရယ်တဲ့
မျိုးဘာသာ သာသနာ အတွက်
အဖုအထစ် များရယ် နဲ့ ဒို့ ဗမာ ...

တစ်ကိုယ်တော် အကျိုးကို မျှော်
သူ့ပေါ် ငါ့ပေါ် နင်းခွလို့ ကျော်
သူ့ကို ငါကိုက် သူ ပြန်ရိုက်နှင့်
တကယ်အဟုတ် လှုပ်ရင်းမြုပ်လို့
ဖေါင်စီးရင်း ရေငတ်
အဟုတ်မှတ် နေတဲ့ ဒို့ ဗမာ ...

ငါ့လှေငါထိုး ပဲခူး ရောက်ရောက်
ငါ့မြင်း ငါ့စိုင်း စစ်ကိုင်း ရောက်ရောက်
ဒီပုံသာ ဆက်လို့ လျှောက်ရင်ဖြင့်
ပန်းတိုင် လည်းပျောက် လမ်းလည်း ကောက်မည် ...

ငါတို့မပြင် မဆင်ခြင်က
အမျိုးဘာသာ ကုန်းကောက်စရာ မကျန်
ထီးနန်းလည်း ပျောက် မျိုးပါပျောက် မည် ...

အမျိုးပျောက် မှာ စိုးကြောက် စရာ ............။

Friday, November 15, 2013

သာယာပါစေ မြန်မာပြည်

ပြည်ထောင်စုဖွား သွေးချင်းသားတို့
ကူးလူးပျော်ရာ မြန်ပြည်သာမှာ
သွေးသားဆွေချင်း မျိုးသည်ရင်းတို့
ခိုက်ရန်ဖြစ်ပွါး အညှိုးများနှင့်
စစ်မက်ဖြစ်ပွါး ပြည်သူများလျှင်
အစားဆင်းရဲ အနေမွဲလို့
အိုးအိမ်ကိုပစ် ထားရစ်ခဲ့ပြီ၊
အသားရောင်ကွဲ လူမည်းများနှင့်
ခုတုံးဘာသာ ကိုယ်ကျိုးရှာလို့
ပဋိပက္ခ ဖြစ်ခဲ့ကြပြီ၊
သာသနာပိုင် မဏ္ဏိုင်တို့လည်း
ဖမ်းဆီးခံရ သွေးမြေကျပြီ၊
အနိတ္ထာရုံဘ၀ တွေ့မြင်ခဲ့ရ
သူတို့အဖို့ ကောင်းဖို့ထွက်မူ
ကျေးဇူးရှင်များ လယ်သမားတို့
လယ်သိမ်းခံရ ငတ်ပြတ်ကြသည်
လျော့စားတစ်နပ် ကြွေးဆပ်ရပြီ၊

မည်သူမည်မျှ မကောင်းကြလည်း
ကျုပ်တို့ဦးဆောင် လူ့ပြည်ဘောင်မှာ
အဓမ္မပယ်ရှင်း အမှောင်ခွင်းလို့
အလင်းကိုဆောင် ဓမ္မရောင်ကြောင့်
လူအချင်းချင်း ရိုင်းပင်းကြလို့
သင့်မြတ်ပါစေ မြန်မာပြည်
တိုးတက်ပါစေ မြန်မာပြည်
ငြိမ်းချမ်းပါစေ မြန်မာပြည်
သာယာပါစေ မြန်မာပြည်။

Wednesday, October 16, 2013

နွားမျက်ရည်

ထွန်တုံးကိုဆွဲ လယ်ကွက်ထဲဝယ်
နေပူမိုးရွာ မဆိုသာလည်း
ဆန်နဲ့စပါး သူတို့စားဖို့
လယ်ကွင်းကိုထွန် အားကုန်သွန်လို့
ထွန်ယက်စိုက်ပျိုး တို့အားကိုးခဲ့.........။

အပွင့်အသီး အတန်ကြီးနောက်
ခြွေလှေ့ရိတ်သိမ်း စပါးသိမ်းပြင်
တလင်းပြောင်ဝယ် စပါးနယ်ခဲ့။

ဆန်ဖြစ်ဖို့ရေး စပါးလေးတို့
ဆန်စက်ကိုပို့ သယ်ယူဖို့ဝယ်
တို့အားကိုသုံး ငါတို့ရုန်းလို့
ငါတို့ကျောထက် ထမ်းပိုးတပ်ခဲ့.....။

ငါတို့အရိုး ငါတို့အရေ
ငါတို့အသား သူတို့စားဖို့
ငါတို့ကိုသတ် သူတို့နတ်ဖို့
ပူဇော်ပသ သတ်ဖြတ်ကြသည်
ငါတို့အသက် သူတို့လက်မို့
မျက်ရည်တွေတွေ ဒုက္ခဝေလည်း
မသိဟန်ပြု လျှစ်လျှူရှုလို့
လည်ပင်းကိုလှီး ဓါးကြီးကြီးဖြင့်
လည်ပင်းကိုဖြတ် တို့ကိုသတ်သည်
သွေးသည်တောက်တောက် မြေပေါ်ရောက်လို့
နာကျင်ဒုက္ခ ခံစားရလျှက်
ခနကြာနောက် အသက်ပျောက်မည်
ငါတို့အရိုး ငါတို့အရေ
ငါတို့အသား သူတို့စားလျှင်
ငါတို့ကျေးဇူး ငါတို့အနစ်နာ
ငါတို့မေတ္တာ မြင်တတ်ပါစေ။

Monday, July 29, 2013

မိန်းမသားတို့ ထိန်းထားဖို့

မိန်းမသားတို့ သိမ်းထားဖို့လို
ရှိုက်ဖိုကြီးငယ် အသွယ်သွယ်ကို
ချစ်သူကိုမျှ ထုတ်မပြနှင့်
မိန်းမဘ၀ ဣိယတို့
ခြွေလင့်လွယ်ကူ ကြူကြူတိုင်းပါ
လွယ်ကူပါလျှင်
တစ်ပါးအပြော ရေစုံမျောလိမ့်
အကြောင်းမလှ မပေါင်းရပဲ
ပျိုစင်ဘ၀ ဆုံးရှုံးရလိမ့်
ထို့ကြောင့်ရှောင်ရှား မိန်းမသားတို့
ရှိုက်ဖိုကြီးငယ် အသွယ်သွယ်ကို
သေပင်သေက ထုတ်မပြနှင့်။

Monday, July 22, 2013

တောတွင်းတစ်နေရာ

တောင်တန်းညိုမှိုင်း ပတ်လည်ဝိုင်းလို့
မြူတွေလည်းဆိုင်း နေရာတိုင်းတွင်
သစ်ရိပ်ဝါးရိပ် ပိန်းပိန်းပိတ်နှင့်
အော်မြည်ပျံလွှား ငှက်အများပြင်
တွဲလွဲခိုသွား ရှဥ့်မျောက်များနှင့်
ခုန်ပေါက်ပြေးလွှား သားကောင်များတို့
ပျော်ကြမြူးကြ သာယာလှသည်
နှင်းငွေ့ဝေေ၀ သည်တောင်ခြေမှာ
တော်ပန်းစုံလှ ပွင့်ဖူးကြသည်
တောမြိုင်ရပ်ဝယ် အလှကြွယ်၏။

Friday, July 19, 2013

၁၉ဇူလိုင်

မျက်ရည်သွန်းဖြိုး ဘ၀င်ညှိုးလို့
၁၉ဇူလိုင် မမေ့နိုင်ခဲ့
ငါတို့ဖခင် ကျေးဇူးရှင်ကို
မတော်ညှိုးထား စိတ်ယုတ်များကြောင့်
လူကြမ်းတစ်သိုက် လူဆိုးမိုက်တို့
ပစ်ကာခတ်ကြ လုပ်ကြံကြသည်
ငါတို့ဖခင် ကျေးဇူးရှင်ဖို့
နေ၀င်ကာလ စိတ်မှာတလျှက်
အာဇာနည်နေ့ တို့အောက်မေ့လို့
တသ၀မ်းနည်း ဥသြဆွဲမည်
ငါတို့မျက်ရည် သစ္စာတည်၍
မိုးသည်ဖျောက်ဖျောက် ကျရောက်ပါစေ။

Thursday, July 18, 2013

အရှုံးသမား

အရှုံးသမား မုန်းမပွါးဘူး
နောက်ဆုံးတစ်ကွက် ထုတ်သုံးရက်လို့
နှလုံးစတေး အရှုံးပေးလို့
ဝေးတစ်နေရာက သက်သေပြလိမ့်
အရှုံးအတိ နှလုံးမချိလည်း
အရှုံးသမား ပြုံးစကားနဲ့
ပြုံးထားလျှက်ပဲ။

Monday, July 8, 2013

ချစ်ရသူကြောင့်

သန်းခေါင်တိတ် လူတွေအိပ်လို့
နက္ခတ်စုံည ကြယ်တွေလှနှင့်
ခုနှစင်ကြယ်ပြောင် အမြှီးထောင်ချိန်
ညဥ့်နက်သန်းခေါက် လမ်းပြောင်ပြောင်မှာ
ကြယ်တွေကိုကြည့် ရင်ထဲထိလို့
ကဗျာရေးမှတ် အတွေးစပ်ဖို့
ကလောင်တံရှာ စာအုပ်ဝါနှင့်
အကျရည်ကြမ်း ခွက်လင်ဗန်းနှင့်
ရေမီးအစုံ ပြည့်စုံပီးသော်
ကလောင်ကညစ် ဆေးလိပ်ဖြစ်လို့
ရင်ထဲမှာညစ် မရေးခြစ်ပဲ
အကျရည်ကြမ်း သောက်လှမ်းမယ်ကြံ
အကျရည်ငှဲ့ အမြှုပ်ထွက်တော့
ရုတ်တရက်ကြည့် ရင်ထဲထိသည်
အမြှုပ်တစီစီ ဘီယာစည်ပေါ့
ထိုစဉ်ခန ကြယ်ကြွေကျတော့
မချိစိတ်ဝမ်း ရင်ထဲပြွမ်းလို့
ထကာဆုတောင်း ရင်ခေါင်းသံကြောင့်
အနီးအနား ၀န်းကျင်များက
ထွက်ကာပြောကြ ဖျောင်းဖျကြသည်
ငါ့ညီ မင်းတော်တော်မူးနေပီ။

ဖြတ်စာ

ရည်ရွယ်ချက်တူ စိတ်ချင်းတူမို့
အတူထာဝရ လက်တွဲကြဖို့
ရင်မှာကတိ သစ္စာရှိခဲ့......။

ကတိသစ္စာ မပယ်ပါပဲ
ရင်မှာစွဲစွဲ သစ္စာမြဲလို့
တစ်ယောက်တည်းသာ ချစ်ခဲ့ပါသည်။

တစ်ယောက်တည်းသာ ချစ်ခဲ့ပါလည်း
ဆန္ဒသာသိ သိက္ခာမရှိသူ
ဤထိုသူမှာ
ငါသော်တစ်ယောက် ထိုထို့နောက်ပြင်
အပျော်ရှာထား ချစ်သူများနှင့်
ပလီပလာ မပြတ်ပါပဲ
ရင်၌ပွင့်လန်း တစ်ပွင့်ပန်းကို
လှမ်းဆွတ်ယူနှောက် ချွေကာဖျောက်ခဲ့..

တစ်ပွင့်သောပန်း ကြွေကာနွမ်းလို့
မောင့်အသည်းပန်း ချိုးယူနမ်းပြီး
ခေါင်းမှာမပန် ချွေရန်ကြံသူ
မောင့်ချစ်သူရေ
ဝဠ်မှာအမြဲ ငရဲမှာပ
မင်းလှည့်ကြရင်
ငါ့လိုမဖြစ် ချမ်းသာရစ်ဖို့
ငါလေဆုတောင်း ဝေးသို့လျှောင်းလျှက်
ဒီဘ၀တော့ ဒီမျှသာပေါ့.။

Friday, June 7, 2013

သူ့ အလှ.

ပြေပြစ်ကိုယ်လုံး ငါးရံ့ရှုံးလို့
မျက်လုံးမျက်ဖန် သမင်ဟန်နှင့်
ရဲစွနှုတ်ခမ်း နှင်းဆီသန်းလျှက်
ပျော့်ပြောင်းလည်တိုင် ငန်းနှင့်ပြိုင်ကာ
သွယ်လျှပေါင်တံ ဆင်နှာမောင်းဟန်
ဆံပင်ဆံတောက် ကွေးကွေးကောက်နှင့်
ခါးတင်ရင်ကောက် ပြူးပြူးမောက်သည်
မင်းသမီးရှုံး အလှဆုံးတည်း

Wednesday, May 29, 2013

အမျိုးပျောက်မှာ စိုးကြောက်စရာ

ရှေးကတစ်ချိန် သာယာချိန်က
ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှါန်းနှင့်
သာသနာရောင် ထွန်းလင်းပြောင်လို့
ငါတို့ဘိုးဘေး အလှူပေးခဲ့
သမိုင်းအသိ သက်သေရှိသည်။

ကြမ္မာနွံနစ် ကမ္ဘာစစ်မှာ
အင်္ဂလိပ်ကျွန်များ ခွေးကုလားတို့
အနောက်တစ်လွှား အပေါက်ကြားက
တိုးလျှဝင်ရောက် မြန်ပြည်ရောက်ခဲ့
သမိုင်းအသိ သက်သေရှိသည်.။

ယခုသော်ကား မြန်ပြည်တစ်လွှား
ကုလားဗလီ အစီရီရီ
လူမျိုးကုလား သားပေါက်များလို့
ကုလားလူစု မြန်ပြည်ထုတွင်
တစ်ဝက်မက ရှိလေစွသည်။

အသားမဲမဲ ဗိုက်ရွှဲရွှဲနှင့်
လူမျိုးကုလား မွှေးမျှင်များသည်
အစားပက်စက် မိုက်တွင်းနက်နှင့်
ကာမစိတ်သန် ဘီလူးဟန်သို့
လူသတ်ဖျက်ဆီး လည်ပါလှီးသည်။

သင်သော်မလှုပ် သင်ငုတ်တုတ်လျှင်
သင်သော်မလေး သင့်သားမြေးအား
ကုလားတစ်သိုက် နောက်ကလိုက်လို့
ဆွဲကာဖျက်ဆီး လည်ပါလှီးမည်
အမျိုးပျောက်မှာ စိုးကြောက်စရာ.........။

မေမေ့ မေတ္တာ

တစ်ယောက်ချင်းကား စောင့်ရှောက်အားလို့း
လက်ဆောင်ဘုရား ဂရုထားလို့
ဖန်ဆင်းပေးဝေ အမေတွေချည်း။

မေတ္တာကြီးမား ဂရုထားလို့
အသက်စတေး ဘ၀ပေးကာ
ပူလောင်စပ်ခါး ရှောင်ကာရှားလျှက်
မွေးဖွါးသန့်စင် သက်သခင်တည့်..

ရင်တွင်းမှဖြစ် သည်းဦးချစ်မို့
မေတ္တာရေစက် သားမြက်ထွက်သည်
မေ့ချစ်မ၀ သားလူလှဖို့
မေတ္တာနို့ချို ဟာရပိုသည်..

သားငယ်ဘ၀ လူလုံးလှဖို့
ပညာတွေသင် စာတတ်ချင်လို့
ချော့ကာခြောက်လို့ ကျောင်းသို့ပို့သည်
မေ့ချစ်မ၀ နောင်ရေးလှဖို့...

ပညာတွေစုံ သင်စရာကုန်တော့
ကြင်ရာစုံအောင် မေကြံဆောင်မည်
စီးပွါးခွဲပေး သားနောင်နေရးမို့
မေ့စိတ်တိုင်းကျ ထားခဲ့ပါရစေ။

Thursday, May 16, 2013

@_@

ထိုးထိုးထောင်ထောင် တတ်သယောင်နှင့်
ဆရာသဖွယ် လူတို့ဘောင်ဝယ်
ပမာနှိုင်းယှဉ် လမ်းခင်းကျောက်သွင်
သူသူငါငါ တွေ့မြင်ပါလည်း
အဖိုးမတန် သူတို့ဟန်ကို
ကျိုးကျွံမသိ ပြုလေဘိသည်.။

ပျိုးပျိုးပြက်ပြက် ပညာထက်က
ချီးမြှောက်မြင့်ခေါင် လူတို့ဘောင်ဝယ်
သူသူငါငါ သင့်ဆီလာလိမ့်
စိန်ကောင်းကျောက်မှန် အဖိုးတန်က
မြေအောက်ပေရာ ရှိနေပါလည်း
စိန်ကျောက်တန်ဖိုး ဘုန်းတန်ခိုးကြောင့်
ကလပ်ပေါ်ရောက် ချီးမြှောက်ကြသည်
အဖိုးတန်က စိုးစံရ၏။

ခရေအလှ

ခရေအလှ နေမခလည်း
လေသတော့ဖြင့် ကြွေခဲ့ရပေါ့
လေစုန်ခရီး လေဟုန်စီးလို့
သူ့ခြေတော်ရင်း ၀ပ်ကာဆင်းဖို့
ဝဲကာကြွေကျ မြေခရသည်
ပန်သူလှဖို့တည်း။

Tuesday, May 7, 2013

အချစ်ရဲ့စွမ်းပကား

အချစ်ဟူက နှိုင်းဆမရ
အန္တသင်္ချေ ကွာဝေးပေမယ့်
လေယာဉ်ကိုစီး ကားကြီးဟီးလို့
ခရီးမိုင်မည်မျှ ဝေးကွာလှလည်း
အချစ်ခရီး နီးနီးလေးတည့်။

ငွေကြေးဥစ္စာ ချို့တဲ့ပါလည်း
အချစ်ရဲ့အား စွမ်းပကားကြောင့်
သူဌေးချမ်းသာ ဖြစ်နိုင်ပါသည်
စည်းစိမ်ချမ်းသာ ပြည့်စုံပါလည်း
ကံကျိုးမပေး ရွှေသူဌေးပင်
စီးပွါးပျက်လတ် မွဲသွားတတ်သည်
အချစ်သာရှိ အရာရာပကတိ
အလှတွေချည်းမို့ မျှဝေကြည့်စို့

Friday, March 29, 2013

လူဆိုးလေး

ရှေးတစ်ချိန်က
အရင်ဘဝ
ပြန်သတိရ
အလင်းရောင်ပျောက်
အမှောင်ထုအောက်
ခိုဝင်ရောက်လို့
ဦးတည်ရာပျောက်
ငါလမ်းလျောက်ခဲ့.......။

အလင်းမတွေ့
မချမ်းမြေ့လည်း
ထိုစဉ်ချိန်က
လူဆိုးဘဝ
ပျော်ပိုက်ခဲ့ရ.....။

မင်းနဲ့တွေ့မှ
အလင်းရောက်အောင်
ခိုဝင်ရောက်လို့
ကျင့်ဆိုးစွန့်ပစ်
ဘ၀သစ်ဖြင့်
အသစ်တဖန်
မွေးဖွါးပြန်လည်း
မင်းကမတန်
လျှစ်လျူပြန်တော့
မင်းကိုသိပ်ချစ်
ငါ့အပြစ်ကြောင့်
အရင်လိုငါ
လူဆိုးလေးပါ.........။

Thursday, March 28, 2013

မြစ်ကြီးဧရာဝတီ

မေခနှင့်မလိခ မောင်နှမတို့
အကြောင်းဆုံကာ ပေါင်းဆုံရာမှ
မြစ်ကြီးတစ်ခု အစပြုခဲ့.......
မြစ်ကြီးအမည် ဧရာဝတီ....

ငါတို့အတွက် အသက်ဆက်ဖို့
ငါတို့ဘ၀ သာယာလှဖို့
လက်ဆောင်ဘုရား မြစ်ကြီးဧရာ
တင်စားပါမူ စာဆိုမလွန်
သူ့ဝတ်ပြွန်ခဲ့....

အသက်သခင် ဧရာရှင်ကား
ငါတို့စားဖို့ သားငါးပေး၏
ငါတို့လယ်ခြောက် ဆည်ရေသောက်ဖို့
မနားမနေ ရေလည်းပေးသည်
ငါတို့ဘ၀ သာယာလှဖို့
ရေကျန်နုန်းတင် ကမ်းနဖူးတွင်
ကိုင်းကျွန်းစိုက်ပျိုး ၀င်ငွေတိုးခဲ့...

ယခုသော်ကား တမူခြားခဲ့
မြစ်ကြီးဧရာ တိမ်ကောဖို့ရာ
ကံကြမ္မာဖန် တရုတ်ကြံလျှင်
ငါတို့မခံ သက်သေခံမည်
ငါတို့အသက် စတေးထပ်လို့
ငါတို့အရိုး စည်းရိုးထိုးလို့
ကာသင့်ပါလျှင် ကာရပါမည်။


Friday, March 22, 2013

သစ္စာ

မေတ္တာပြည့်လျံ သစ္စာမှန်က
သေလွန်ဘ၀ ပြန်တွေ့ရလည်း
မပြောင်းမလဲ တူလက်တွဲမည်
ဖူးစာမှန်က ပြန်ဆုံရ၏။

Wednesday, March 20, 2013

ဆန္ဒ

အတူဓမ္မတာ လူတို့မှာလား
တစ်ခုဆန္ဒ  ရှိလေစွလျှင်
မကောင်းသမှု အစုစုတို့
ပြုလုပ်ဖို့ရန် စိတ်ရည်သန်လို့
အရှေ့အနောက် မတွေးထောက်ပဲ
ထိုထိုဆန္ဒ ရှိသမျှကို
မိုက်ရူးရဲဆန် ပြုရန်ကြံသည်။

အချို့မတူ လူတစ်ချို့မူ
ရင်မှာဆန္ဒ ဟုန်းဟုန်းကြွလည်း
ဆန္ဒကိုသိမ်း သိက္ခာထိန်းလို့
တစ်ပါးမသိ မြိုသိပ်ဘိသည်
ရင်မှာမချိ ခြားသူမသိ.......။

Saturday, March 16, 2013

အဖြူရောင်လက်များ

တစ်မိုးအောက်နေ ကမ္ဘာမြေမှာ
မသာယာလှ သူတို့ဘဝ
အဖေါ်မဲ့ရ ချို့တဲ့ခဲ့ကြ....။

ကျုပ်တို့နည်းတူ သူလည်းလူပဲ
သူ့ရဲ့အမှား မများခဲ့ရ
မွေးကင်းတည်းက ရုန်းကန်ခဲ့ရ
သူ့ရံအပြစ် မရှိလင့်လည်း
အတိတ်ကံမလှ ကြိတ်ခံရတော့
ပင်ပန်းဆင်းရဲ လူလည်းမွဲလို့
သေရုံတမျှ ခံစားခဲ့ရ..........

ကျုပ်တို့ဘ၀ သာယာလှလို့
ဆွေမျိုးညာတိ ပြည့်စုံဘိသည်
သူတို့ဘ၀ စာနာလှလို့
သနားချစ်ခင် ဖေးမကူလျှင်
သူတို့ဘ၀ သာယာလှလိမ့်
တစ်ယောက်သော်ကား မစွမ်းငြားလည်း
အများစုပေါင်း စုဆောင်းကြလို့
ကူညီဖေးမ လှူဒါန်းကြစို့.......။

Friday, March 8, 2013

တပ်မတော်သား မခံစားတတ်ရ

ဝေလီဝေလင်း နံနက်ခင်းတွင်
ယမ်းငွေ့ဝေေ၀ သည်တောင်ခြေမှာ
နှင်းငွေ့ဝေေ၀ မြူမှုန်တွေနဲ့
ချယ်ရီပန်းလှ ပွင့်လန်းခဲ့ကြ......

သာယာလှပ ထိုခဏ၌
အေးမြကြည်လင် စိတ်ပျော်ရွှင်လို့
စီးမျောခံစား အတွေးများစဉ်
ဆောင်းလေတစ်ချက် ဝေ့အတက်မှာ
ကျွန်တော့်အလစ် ရန်သူပစ်ခဲ့.......

ထိုကျည်တစ်တောင့် ရင်ကိုဖေါက်လို့
အသက်ကိုချွေ ဇီဝိန်ကြွေလို့
နာကျင်ရင်အောက် အသက်ပျောက်သည်
ငါကားစစ်သား ပြည်သူ့အားမို့
အလှအပ မခံစားရ.....။
လာရောက်လည်ပတ်မှုကို ကိုသစ္စာမှ အထူးကျေးဇူးတင်ရှိပါသည်။