သည်နိုင်ငံသား သည်မြေဖွားလို့
သည်မြေပေါ်ဆောက် သည်ရေသောက်လျှက်
သည်မြေပေါ်ကြီး နိုင်ငံကြီးမှာ
ခင်ဗျားနည်းတူ ကျုပ်လည်းလူပဲ။
မြေပြန့်တောင်ပေါ် ခြားနားသော်လည်း
ပြည်ထောင်စုဖွား တိုင်းရင်းသားမို့
ချစ်ခင်ကြည်ဖြူ လက်တွဲကူလို့
အတူထာဝရ ရိုင်းပင်းကြဖို့
လူကဆော်သြ စိတ်လည်းမော၏။
ပြည်ထောင်စုဖွား သွေးချင်းသားမို့
သနားချစ်ခင် ယုံကြည်လေလျှင်
ဗုံးဆံအစား ပေါင်မုန့်များနှင့်
ကျည်ဆန်အစား ဆန်စပါးတို့
ပြန်ပြောင်းပေးဝေ ကျေနပ်စေ၍
အပစ်အခတ် ချက်ချင်းရပ်။
No comments:
Post a Comment
လာရောက်အားပေးမှုကို ကိုသစ္စာမှာ ကျေးဇူးတင်ရှိပါသည်။