လွပ်လပ်သွားတဲ့ စွန်တစ်စင်း
ကျူပ်,
ကျုပ်ဟာ ဘာမှတော့မဟုတ်ဘူးဗျ. ဒါပေမဲ့ လေထဲမှာတော့ပျံနိုင်တယ်ဗျ.. ကျုပ်ဟာ
လေထဲမှာ ပျံနိုင်ပေမဲ့ ကျုပ်မှာ အစွမ်းအစ သိပ်အများကြီးတာမဟုတ်ဘူးဗျ..
ကျုပ်မှာ တောင်ပံလေးနှစ်ဖက်ရယ်. နောက်ခါးလည်မှာ ကျောရိုးတစ်ချောင်းရယ်.
အမြှီးရယ်ပဲ ပါတာဗျ.. တောင်ပံပါတယ်ဆိုပေမဲ့လည်း ငှက်တွေလို ခတ်လို့မရဘူးဗျ.
ပျံနိုင်တယ်ဆိုပေမဲ့လည်း အင်ဂျက်တို့ပန်ကာတို့မပါဘူးဗျာ.. ဒါပေမဲ့
ကျုပ်အမြှီးတွေကတော့ကျုပ်ကိုယ်ကျုပ် ထိန်းနိုင်ဖို့ အကူအညီပေးပါတယ်ဗျာ..
ကျုပ်က ခင်ဗျားတို့ သိတဲ့ စွန်တစ်စင်းပါပဲ.. ဒါနဲ့စကားမစပ်
ကျုပ်ကောင်းကင်ပေါ်မှာ ပျံသန်းရတာ လုံးဝ ပင်ပန်းတယ်လို့ကိုမထင်ဘူးဗျာ.
အရာရာအားလုံးဟာ ကျုပ်အတွက် အသစ်အဆန်းတွေပဲလေ. ကျုပ်ဟာ အပေါ်စီးကနေပီးတော့
အရာအားလုံးကို ကြည့်ရှုခံစားရင်းနဲ့ ပျော်နေတာကိုးဗျ.. ကျုပ်ဟာ
အမြင့်မှာဆိုတော့ ဟိုးရွာထိပ်က ကြက်ဝိုင်းကိုလည်း လှမ်းမြင်နေရတယ်.
ဘော်လုံးကွင်းမှာကလေးတွေ ဘော်လုံးကန်နေတာကိုလည်း မြင်ရတယ်ဗျ.
ရွာတောင်ပိုင်းက မိတုတ်တို့ရေခတ်ဆင်းလာတာကိုတောင် မြင်လိုက်သေးတယ်ဗျာ..
မြင်မှာပေါ ကျုပ်က အပေါ်စီးကနေကြည့်နေရတာကိုးဗျ.. ဟာ.. ဒီကောင်
ဘာကောင်ပါလိမ့်မ.ကျုပ်ကိုတော်င မတွေ့ဘူးလားဟ.. မဆင်မခြင်နဲ့ ကျုပ်တောင်
တိုက်မိတော့မလို့ဟ ကျုပ်အရှောင်မြန်ပေလို့ပေါ့ကွာ.. အော်
ဟုတ်လည်းဟုတ်ပါတယ်.. ကျုပ်ကလည်း ကျုပ်ပါပဲ........... အပေါ်ကိုေ၇ာက်ကတည်းက
အောက်က ရှုခင်းတွေကိုသာ ကြည့်နေမိတာ အပေါ်က ဘေးဘီဝဲယာကိုတောင်
မကြည့်မိပါလားနော်.. အခုမှပဲ သတိထားမိတယ် ကျုပ်ဟာ
တော်တော်မြင့်တဲ့နေရာကိုရောက်နေတာပဲဟ. အခုကျုပ်ဟာ ရွာလယ်က
ကညင်ပင်ကြီးထက်တောင် မြင့်နေပီဗျ.. ကျုပ်တို့ရွာမှာတော့ ကညင်ပင်က
အမြင့်ဆုံးပဲလေဗျာ.. အခုတော့ ကျုပ်က
သူ့ထက်မြင့်တဲ့နေရာကိုတောင်ရောက်နေပီပဲ...လေတိုက်တာတွေကလည်း
နည်းနည်းအေးလာသလိုပဲဗျာ.. ဒါပေမဲ့ပျော်ဖို့ကောင်းတယ်ဗျ..
လေအေးလေးကိုရှုရှိုက်ပီးတော့ လေထဲမှာ ပျံဝဲနေရာကလည်း
ဘယ်လောက်ကောင်းလိုက်လဲဗျာ.. ခင်ဗျားတို့ကော အဲ့လိုခံစားဖူးလားဗျ.......
အရှေ့ဘက်က ငှက်လေး ၃ကောင်တောင်ပံလေးတွေခတ်ပီးတော့ ပျံသန်းနေတာ
လွပ်လွပ်လပ်လပ်ပဲဗျာ.. အားကျလိုက်တာ.. ကျုပ်လည်း
သူတို့နဲ့လိုက်ပျံလိုက်ဦးမယ်ဗျာ.. ကျုပ်နဲ့အမျိုးမတူပေမဲ့ ကျုပ်လည်း
ပျော်ချင်တာပေါ့ဗျာ.. ကျုပ်လည်းသူတို့လို
လွပ်လွပ်လပ်လပ်လေးပျံလိုက်ဦးမယ်ဗျာ.. ဟာ.. ဟာ.. ဘာဖြစ်တာလဲဗျ.
ကျုပ်ပျံတဲ့ဘက်ကို ပျံလို့မရပါလားနော်...လေစီးကြော်းပြောင်းနေလို့လား
မဟုတ်ပါဘူးဗျ.. ထပ်ကြိုးစားကြည့်ဦးမှပဲ အီး... တောက် ဘာကြောင့်
လွပ်လွပ်လပ်လပ် ပျံလို့မရတာပါလိမ့်.. .. ဘာကြောင့်လဲ? ဘာကြောင့်လဲ?
အဖြေတစ်ခုခုတော့ရှိရမယ်.. အော်.. သူပဲဟ. ကျုပ်ကို အပ်ချည်ကြုးနဲ့
ချည်ပီးတော့ ရစ်ဘီးနဲ့ control လုပ်နေတာပဲ. .. သူဟာ ကျုပ်
လွပ်လပ်ပိုင်ခွင့်ကို ဖျက်ဆီးနေတာပဲ.. ဒီကြိုးလေးကလည်း ကျုပ်ကို
နဖါးကြိုးထိုးထားသလိုပဲဗျ.. ဒီရစ်ဘီးနဲ့ ဒီကြိုးခံနေတော့ ကျုပ် ဘယ်လိုလုပ်
လွပ်လွပ်လပ်လပ် ပျံသန်းလို့ရမှာလဲနော်.. ဒီကြိုးနဲ့ ရစ်ဘီးကနေ
လွတ်ရင်ကောင်းမယ်ဗျာ... ဟိုအရှေ့မှာ စွန်လေးတစ်စင်း ကျုပ်ဆီ လာနေတယ်ဟ..
ကျုပ်နဲ့များ မိတ်ဆက်ချင်လို့လားမသိ..... ဟ. အရှိန်တော်တော်ပြင်းတယ်ဟ.. ဒါ
.. ဒါ ဒါ စွန်ဖြတ်တာပဲဖြစ်မယ်. ကျုပ် ဘာလုပ်ရမလဲဟ. နီးလာပီ. ကျုပ်
ဘာဆက်လုပ်ရမလဲ. ကျုပ်လည်း ဒီလိုတစ်ခါမှ မကြုံဖူးဘူးဟ... အဲ့အချိန်မှာ
ကျုပ်လည်း ရုတ်တရက် ဆောင့်ဆွဲခံလိုက်ပီးတော့ အပေါ်ကိုပြေးတက်သွားသလို
ဟိုစွန်ကလည်း ပြတ်သွားတယ်ဗျ.. တော်သေးလို့ပေါ့ဗျာ
ကျုပ်သခင်ကသေသေချာချာလုပ်လိုက်လို့ပေါ့ဗျာ.. ဟို ငနာလေးက
သနားပါတယ်ဗျာဆိုပီး ကြည့်လိုက်တော့ ကျုပ်မျက်စိတော့ ကျုပ်
မယုံသလိုဖြစ်သွားတယ်ဗျ.. ဖြတ်ခ့ထိသွားတဲ့စွန်ကလေးဟာ အခုဆို၇င်
အပ်ချည်ကြိုးနဲ့ ရစ်ဘီးကနေ လွပ်ပီးတော့ ကောင်းကင်ပေါ်မှာ ကောင်းကောင်း
ပျံဝဲနေပီပဲဟ.. လေအဟုန်မှာ ဝေ့ခနဲ ဝေ့ခနဲ ဆင်းသွားတာ ကျုပ်ကို တာ့တာ
လုပ်သွားသလားအောက်မေ့ရတယ်ဗျာ.... ကျုပ်လည်း ဒီလိုအခွင့်အရေး
၇ချင်စမ်းပါဘိဗျာ.. ကျုပ်သာ လွပ်လပ်လို့ကတော့ ကျုပ်သွားချင်ရာသွား
လုပ်ချင်ရာလုပ်လို့ရပီဗျို့.. အဲ့အျိန်မှာ လေတစ်ချက် တိုက်လိုက်တာ
ကျုပ်လည်းအခွင့်အရေးပဲဆိုပီးတော့ အားကုန်သုန်းပီးတော့ ဆောင့်ထွက်လိုက်တာ
လေရဲ့အဟုန်နဲ့ ကျုပ်ရဲ့အဟုန်နဲ့ အပ်ချည်းကြိုးလေးလည်း ဘယ်လောက်မှ
ခံနိုင်မှာလဲဗျာ.. ပြတ်ရောပေါ့.. ကျုပ်လည်း လွပ်လပ် သွားပီဗျို့..
လွပ်လပ်ပီဟေ့. ကျုပ်သွားလို့ရာသွားလို့၇တော့မယ်
ကျုပ်လုပ်ချင်တာလုပ်လို့ရတော့မယ်.. ကျုပ်ဆန္ဒတွေဖြစ်လာပီဗျ.
အရင်ဆုံးရွာတစ်ပတ် လိုက်ပတ်ဦးမယ်ဗျာ.. ပီးတော့မှပဲ
ငှက်လေးတွေနဲ့လျောက်သွားမယ်ဗျာ.. ကိုင်းလာလေ့ကွာ... ဟာ. ဟာ ဟာ
ဘာဖြစ်တာလဲဟကျုပ်ဘာဖြစ်တာလဲ မသိတော့ဘူးဗျာ..
ကျုပ်သွားလို့ရာကိုသွားလိုမ့ရတော့ဘူး.. တအိအိနဲ့ အောက်ကို
ကျနေပါလားဗျာ...... ဘာများမှားသွားလို့လဲ.. ဘယ်လိုမှ
ကြိုးစားလို့မရပါလားဟာ... ဘာတွေဖြစ်ကုန်တာလဲ. ကြိုးချည်ထားတုန်းကတောင်
ကျုပ် ပျံသန်းလို့ရသေးတယ်.. အခု ကြိုးတွေကနေ လွတ်ပီဆိုတော့
ပျံလို့ကောင်းသွားရမှာမဟုတ်ဘူးလား...ကျုပ်လည်း တဖြည်းဖြည်းနဲ့ အောက်
ကိုကျလာပီ...... လေထဲမှာလည်းမျောချင်ရာမျော လွင့်ချင်ရာခွင့်နေပီဟ..
ကျုပ်ဟာ အထိန်းအကွပ်မဲ့ခဲ့ပီ.. ကျုပ်ကို
ထိန်းချုပ်မဲ့သူလည်းမရှိတော့ဘူးဗျာ...လုပ်ကြပါဦးဗျို့... ကျုပ်လည်းမကြာမီ
သွား၇တော့မယ်ဗျာ မကြာတော့ဘူး...... အခုတော့ ကျုပ်နောက်ကို ကလေးတစ်သိုက်
လိုက်နေကြပီဗျ.. ပါးစပ်တွေကလည်း 'စွန်ပြတ်ကျတယ်ဟေ့..လု လုကြတဲ့'... အခုတော့
တစ်ယောက်တစ်လက်ဝိုင်းလုကြတဲ့အောက်မှာ ကျုပ်လည်းတစ်စစီ ဖြစ်သွားခဲ့ရပီ.
ဗျာ..... လွပ်လွပ်ခြင်းရဲ့ အဆုံးသတ်ဟာ မကောင်းပါလားဗျာ.. လွပ်လပ်တယ်ဆိုတာ
အတိုင်းအတာတစ်ခုထိပဲကောင်းတယ်ဗျာ...
စွန်ငယ်တစ်စင်း လေကိုခွင်း၍
ကောင်းကင်ယံထက် ပျံတက်ခဲ့၏
ငှက်ကိုလည်းမြင် လွပ်လပ်ချင်၍
ပျံလိုရာပျံ ကြိုးကခံလျင်
မကြည်စိတ်ဝမ်း ရင်ထဲပြွမ်းလျက်
လေကြတစ်ချက်ချက် ဝေ့အတက်မှာ
အားကုန်ထုတ်သုံး တအားရုန်းလို့
အပ်ချည်ကြိုးပြတ် လွပ်လပ်ခဲ့သော်
အထိန်းမရှိ လွပ်လပ်ခြင်း၏
အဆုံးမလှ သူ့ဘ၀တွင်
လွှင့်ချင်ရာလွင့် မျောချင်ရာမျော တသောသောနဲ့
ကလေးတစ်သိုက် နောက်ကလိုက်လို့
ဆွဲကာလုကြ ဆုတ်ပြရ၏။
လွပ်လပ်ခြင်း၏ နိဂုံးတည်း။
No comments:
Post a Comment
လာရောက်အားပေးမှုကို ကိုသစ္စာမှာ ကျေးဇူးတင်ရှိပါသည်။